အနီးဆုံးမြင်တတ်အောင် သတိထားကြည့်ပါ

ဒီကနေ့ တပည့်တော်အတွေ့အကြုံကနေပြီးတော့ အကြံပေးတာပေါ့။ ဒါပေမယ့် ဒီလိုစာတမ်းဖတ်ပွဲနဲ့ပတ်သက်တဲ့ ပညာရေးရဲ့သဘောတရားက ဘယ်လိုရှိလည်းဆိုတာတော့ တပည့်တော်နားမလည်ဘူး။ ဒါကတော့ ဝန်ခံတာပေါ့။ တပည့်တော်မြင်တဲ့အမြင်ကို တပည့်တော်အကြံပေးပါမယ်။

အဲတော့ ဒါကစစချင်း သင်တာဆိုတော့ Guide ပေးမဲ့ ဆရာလုပ်တဲ့သူက လမ်းညွှန်ပေးရမယ်။ အခုဒီနေရာမှာ အားလုံးဟာ လူနဲ့ သံဃာက သံဃာကများတယ်။ အဲဒီတော့ စကားပြောတဲ့နေရာ စကားလုံးသုံးတဲ့နေရာမှာ ရှင်တို့၊ ခင်ဗျားတို့လို့ လူလိုမသုံးဘဲနဲ့ အရှင်ဘုရားတို့၊ အရှင်သူမြတ်တို့၊ သံဃာတော်များတို့ဆိုပြီး အများစုသံဃာတော်ကိုဦးတည် ဦးစားပေးပြီးတော့ စကားပြောတတ်ဖို့လိုတာပေါ့။ ဒီတစ်ချက်တော့ နည်းနည်းလိုမယ်။

နောက်တစ်ခု မေတ္တာနဲ့ပတ်သက်တဲ့ Guide Line ပေးတဲ့နေရာမှာ ဖတ်ရမဲ့စာတွေ တခြားစာအုပ်တွေ အတွေးအမြင်တွေ ဒါလည်းလိုသလို။ တစ်ဖက်က ဥပမာ ခုနကဆိုရင် အိုဗားမားနဲ့ ပတ်သက်ပြီးတော့ပြောတယ် မလိုဘူး မဟုတ်ဘူး ဒါလိုတယ်။ ဒါပေမယ့် အနီးဆုံးမြင်သာအောင် ကိုယ့်ရဲ့ပတ်ဝန်းကျင်ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ကျောင်းဖြစ်ဖြစ်၊ ကိုယ့်ရဲ့ရပ်ရွာဖြစ်ဖြစ်၊ ကိုယ့်ရဲ့တိုင်းရင်းသားလူမျိုးစုပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ခေါင်းဆောင်ထဲကပဲဖြစ်ဖြစ် အနီးဆုံးအနီးဆုံးမြင်သာအောင် မြင်တတ်ဖို့က စာတမ်းဖတ်သူဟာ လေ့လာထားရမှာပေါ့။ မေတ္တာနဲ့ လက်တွေ့ဒီကနေ့ ဘယ်သူက ဘယ်လိုနေထိုင်တယ်၊ ဘယ်လိုမျိုးပြုမူနေတယ်ဆိုတဲ့ ဒီသာဓကဥပမာတွေ ကိုယ့်ရဲ့ပတ်ဝန်းကျင်အနီးစပ်ဆုံးမှာလည်းပဲ အများကြီးရှိတယ်ဆိုတာကို သတိထားမိဖို့လိုတယ်။ အနီးဆုံးကိုလည်းပဲ လေ့လာမြင်တတ်ဖို့လိုတယ်။ အဲတော့ အဝေးကိုမကြည့်ဘဲနဲ့ အနီးဆုံးကိုမြင်အောင်၊ အနီးဆုံးရဲ့ဖြစ်ရပ်ကိုမြင်သာအောင်၊ မြင်တတ်အောင် ကြည့်ဖို့လည်းလိုသေးတယ်။ အနီးဆုံးကိုမြင်တယ်၊ ကြားတယ်၊ အနီးဆုံးပုဂ္ဂိုလ်ကိုလည်းပဲ မြင်နိုင်တယ်ဆိုရင် နားလည်ရလို့လွယ်တယ်ပေါ့။ အဲတော့ အဝေးဆုံးဥပမာကိုပြောတယ်ဆိုရင် အဝေးဆုံးဥပမာကို နားလည်ဖို့ကျတော့ သူသူငါငါ လိုက်မမှီတာများတယ်။ အဲဒီတော့ ဆရာတွေအနေနဲ့ လူငယ်တွေပိုပြီးတော့ တွေးတတ်အောင်၊ ပိုပြီးတော့မြင်တတ်အောင် အနီးစပ်ဆုံး ကနေ့မျက်မှောက်အခြေအနေနဲ့ သင်ပေး၊ လေ့ကျင့်ပေးဖို့လိုတယ်။ အနီးဆုံးနဲ့ ကနေ့ မျက်မှောက်အခြေအနေကို ယှဉ်ထိုးပြီးတော့ ကြည့်တတ်၊ မြင်တတ်အောင် လေ့ကျင့်ပေးဖို့လိုတယ်။ 

နောက်တစ်ခု များသောအားဖြင့် ငါတို့လူတွေက မှားကွက်ကိုပဲ မြင်လွယ်တယ်ပေါ့။ မှားကွက်ကိုမြင်လွယ်ပြီးတော့ မှားကွက်ကို အပြစ်တင်တတ်တဲ့အကျင့်က တပည့်တော်အပါအဝင်ပါပဲ။ အဲဒါတွေ တော်တော်လေး အလေ့အကျင့်များတယ်။  အဲတော့ တပည့်တော်တို့က ပညာရှင်တွေမွေးထုတ်တယ်ဆိုတော့ ပညာတတ်တွေဖြစ်အောင်၊ ပညာရှင်တွေဖြစ်အောင် တပည့်တော်တို့ရဲ့ အလေ့အကျင့်ဟောင်း မကောင်းတဲ့အလေ့အကျင့်တွေကို အတတ်နိုင်ဆုံး ဘေးဖယ်ထားဖို့လိုမယ်။ အဲလိုအပြစ်တင်တတ်တဲ့အလုပ်ကို မလုပ်ဘဲနဲ့  ကောင်းကွက်ကိုပဲမြင်တတ်အောင်တော့ လေ့ကျင့်သင်ပေးဖို့လိုတယ်။

အနီးဆုံးကောင်းကွက်တွေ မြင်တတ်အောင်၊ ခံစားတတ်အောင် ကနေ့မျက်မှောက်မှာ ကောင်းကွက်တွေက ဘယ်သူ့မှာရှိတယ်၊ ဘယ်နေရာမှာရှိတယ်၊ ဘာတွေဘယ်လိုရှိတယ်ဆိုတယ်ကို လေ့ကျင့်သင်ပေးပါ။ 
မေတ္တာနဲ့ပတ်သက်ပြီးတော့ ဒီကနေ့ တို့ပတ်ဝန်းကျင်အနီးမှာပဲ ကောင်းကွက်မေတ္တာပုံရိပ်တွေ ရှာတတ်အောင်၊ မြင်တတ်အောင် စာတမ်းဖတ်သူကို သင်ပေးပါ၊ လေ့ကျင့်ပေးပါ။ တွေးတတ်အောင်၊ ပြောတတ်အောင် သင်ပေးပါ၊ လေ့ကျင့်ပေးပါလို့ အကြံပေးချင်ပါတယ်။

အနှစ်ချုပ်ရလျှင်=
အဝေးကြီးဥပမာဖြစ်တဲ့ စာထဲ၊ စကားထဲက ဥပမာတွေနဲ့ လမ်းမဆုံးစေဘဲ ကိုယ့်ရဲ့အနီးအနားပတ်ဝန်းကျင်ထဲမှာ စာထဲ၊ စကားထဲကဥပမာအတိုင်း ရှိမရှိ ဆန်းစစ်တတ်ဖို့နဲ့ သတိမူမိဖို့အရေးကြီးတယ်ဆိုတာကို သတိပေးတာပဲဖြစ်ပါတယ်။

သာသနာတော်နှစ် ၂၅၆၇ ခု၊ ကောဇာသက္ကရာဇ် ၁၃၈၅ ခု၊ တန်‌ဆောင်မုန်းလဆုတ် ၁၂ ရက်၊ စနေနေ့။ (၉-၁၂-၂၀၂၃) နောင်တောင်းဗုဒ္ဓကောလိပ်မှာ ကျင်းပပြုလုပ်သည့် BA တန်း စာတမ်းဖတ်ပွဲမှာ နောင်တောင်းဆရာတော်က အကြံပေးချက်ဖြစ်ပါသည်။

Comments

Popular posts from this blog

ကေသမုတ္တိသုတ္တန်ႏတရာꩻတောႏ

ထင်ႏလမ်းတသာတရာꩻတောႏ

အဏိမာဘုန်ႏတောႏအလုဲင်း